
နေတိုး
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ အထမြောက်ရေး ဝါဒဖြန့်ထားသော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အမည်ရှိ ဗီဒီယိုဇာတ်ကားအား စစ်လော်ဘီများမှ လူမှုကွန်ရက်စာမျက်နှာများတွင် တင်ထားကြသည်။ ထိုဇာတ်ကားတွင် အကယ်ဒမီ ရရှိထားကြသည့် နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေး၊ အောင်ခိုင် စသည့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြသည်ကို တွေ့ရသည်။ ဇာတ်ကားတွင် သုံးနှုန်းထားသော စကားလုံးများနှင့် ရည်ရွယ်ချက် အကြောင်းအရာများမှာ CDM များနှင့် တော်လှန်ရေးအသိုင်းအဝိုင်းအား အပုပ်ချစော်ကားထားသည့် အသုံးအနှုန်းများ၊ ရည်ရွယ်ချက်များ ပါဝင်နေသည်ဟု တော်လှန်ရေးအသိုင်းအဝိုင်းမှ ရှုမြင်ကြသည်။ ဇာတ်ကားထဲတွင် စစ်ကောင်စီမှ ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်များဖြင့် ဆန္ဒပြပွဲများအား ဖြိုခွင်ခြင်း၊ ရိုက်နှက်ပစ်ခတ် ဖမ်းဆီးခြင်း၊ ပြည်သူလူထုကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း စသည့် ရုပ်ပုံများ ပါဝင်ခြင်းမရှိဘဲ တော်လှန်ရေးမှ ဗုံးခွဲ၍ ပြည်သူများသေဆုံးရသည့် ရုပ်ပုံများကိုသာ ပြသထားသည်ကို တွေ့ရှိရသည်။
No business affiliations found
This person has no recorded business connections