
မြတ်မြတ်ဦး
အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူ၊ အမျိုးသမီးဘောလုံး ခေါင်းစဉ်အောက်မှာ ရာထူးမျိုးစုံနဲ့ လုပ်စားနေတဲ့ ဒေါ်မြတ်မြတ်ဦး၊ ရဲဟောင်း ဖြစ်ပါတယ်။ ဘောလုံး ဗန်းပြ စီးပွါးရေးလုပ်နေတာ ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်ရုံး အပေါ်ထပ် ၂ ထပ်ကို Goal Hotel ဆိုပြီး မာဆက်၊ ဖွင့်ထားပါတယ်၊ နာမည်ကြီးပါ ဝေလုကျော် ထမင်းကြော်ကျွေးခဲ့တဲ့ ဟိုတယ်ပါ၊ ဒီဟိုတယ်ကိုလဲ စစ်တပ်လူကြီးတွေနဲ့ ပေါင်းပြီး အလကားနီးနီး ယူထားတာပါ၊အားကစားနဲ့ မာဆက် ဘယ်လိုမှ မအပ်စပ်ပေမယ့် စစ်တပ်အသိုင်းအဝိုင်းကြောင့် ဘယ်သူမှ သူ့ကို မေးခွန်းမထုတ်ရဲပါဘူး၊ ဒုသမ္မတမြင့်ဆွေဇနီးကိုအသေကပ်ထားပြီး ဗိုလ်ချုပ်ကတော်တွေအတွက် လိုအပ်တဲ့ဟာတွေလုပ်ပေးတာ..ပစ္စည်းတွေရောင်းပေးတာ လုပ်ပေးပြီး အပိုင်ပေါင်းထားတာပါ။ ဒါ့အပြင့် သူ့မောင် အရင်း ထွန်းထွန်းဟာ လက်ရှိ တပ်မတော်အရာရှိ တစ်ဦး ဖြစ်ပြီး အာဏာလုတပ် အာဏာသိမ်းတာကို ပေါ်ပေါ်တင်တင် ဝမ်းသာပြ သခင်အားရ ကျွန်ပါးဝ နေတာပါ။ ဟိုတလောက နာမည်ကြီး သွားတဲ့ ဇွဲကပင်အသင်း ပိုင်ရှင်ဟောင်း ဦးလှဌေး အရင်က အမျိုးသမီးလိဂ် ဘောလုံး နာယက နဲ့လဲ အတော် အနီးကပ်ပေါင်းပြီး မဟုတ်တာဘဲ လုပ်ပြီး ချမ်းသာဖို့ ကြံနေသူပါ၊ ပညာရေးဝန်ကြီး ဌာနပိုင် မြေထဲ မတန်မရာစျေးနဲ့ ရွှေရှမ်းကန် စားသောက်ဆိုင် ဖွင့်ခဲ့ပြီး စာချုပ်ပြည့်တာတောင် မဖယ်ပေးလို့ အတင်း တရားစွဲပြီး နှင်ခံခဲ့ရသေးတယ်။ သာကေတ Waterboom နားက Asia Point ဘိုလင်းရုံကို စားသောက်ဆိုင်ဟန်ပြဖွင့်ပြီး လောင်းကစားရုံ အကြွေစေ့ဂိမ်းလဲ ထောင်ထားပါသေးတယ်။
No business affiliations found
This person has no recorded business connections