📌 ၁။ Facebook မှာ တင်ထားတဲ့ လင့်ခ့်တွေကနေ မဝင်ပါနဲ့။ YouTube App ကို ဖွင့်၊ "Pa Day Thar Pin" သို့မဟုတ် "နိုင်ငံပျောက်သူ" ကို ရိုက်ရှာပြီးမှ ကြည့်ပါ။ (ကြိုပြီး တင်ထားတာမို့ 4 days ago ဖြစ်နေပါလိမ့်မယ်။) 📌 ၂။ အဲ့ဒီရုပ်ရှင်ကို Download လုပ်ပြီး Facebook ပေါ် ပြန်တင်ထားတာတွေ တွေ့ရင် မကြည့်ပါနဲ့။ ဒီချန်နယ်ကနေပဲ ကြည့်ပေးပါ။ 📌 ၃။ VPN ကို V4C သုံးပေးပါ။ 📌 ၄။ ကြော်ငြာတက်လာရင် ကျော်လို့ရပြီ ဆိုတာနဲ့ ကျော်ပစ်ပါ။ ဒါမှ သဘာဝကျမှာပါ။ 📌 ၅။ View တက်အောင် ဆိုပြီး ထပ်ကာထပ်ကာ ဆက်တိုက် မကြည့်ပါနဲ့။ အချိန်လေး ခြားခြားပြီးမှ ကြည့်ပါ။ လူများများ ကြည့်အောင်လည်း ဝိုင်းကူပြောပြပေးပါ။ 📌 ၆။ အိမ်က လူကြီးတွေရဲ့ ဖုန်းကို ယူပြီးလည်း ဖွင့်ပြပေးပါ။ 📌 ၇။ နောက်ဆုံးတစ်ချက်ကတော့ ဒီနေ့တစ်ရက်ပဲ Pa Day Thar Pin ကို ဝိုင်းပြုံကြည့်ကြပြီး နောက်ရက်ကျ လူမဝင်တော့ရင် အဆင်မပြေပါဘူး။ ပဒေသာပင် အဖွဲ့သားတွေအနေနဲ့လည်း ဗီဒီယိုတွေ အမျိုးမျိုး အစားစား ရှိနေအောင်၊ လူစိတ်ဝင်စားအောင် အားထုတ်ထားပါတယ်။ ဒါကြောင့် တစ်နေ့ကို ၅ မိနစ်လောက်တော့ အမြဲဝင်ကြည့်ပေးစေချင်ပါတယ်။ Click လုပ်နေရမှာ မဟုတ်ဘဲ ဖွင့်ထားရုံပဲမို့ သိပ်လည်း အားမစိုက်ထုတ်ရပါဘူး။