နှစ် ခြောက်လုံး စည်ကားသပိတ်
22 Feb 2022 | 09:00 am - 08:00 pm

"ပြန်လည်စုရုံး နှစ် ခြောက်လုံး" "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"

၂၂.၂.၂၀၂၂ အတွက် ​ကြွေး​ကြော်သံက​တော့"ပြန်လည်စုရုံး နှစ်​ခြောက်လုံး" ဆိုတာဖြစ်ပြီး ပြည်သူလူထုတရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ပါတယ်။

နှစ်​​ခြောက်လုံး​နေ့မှာ လုပ်​ဆောင်ရမယ့် လှုပ်ရှားမှု​တွေကို​​တော့ "စည်ကားသပိတ်" လို့ အမည်​ပေးထားပြီး နေအိမ်မှာ မ​နေကြဘဲ မြို့ထဲ/​စျေး/လမ်းဆုံ​ စတဲ့ လူစည်ကားရာ​နေရာ​တွေကို အဲဒီ​နေ့တ​နေ့လုံး လှည့်ပတ် သွား​ရောက်ကြပါမယ်။

"စည်ကားသပိတ်" အဖြစ် အပြင်ထွက် လှည့်ပတ် ကြတဲ့အခါမှာ

(၁) ဦးထုပ်/ခ​မောက် စတာ​တွေ ​ဆောင်းပြီး သွားလာကြမယ်။

(၂) မျက်နှာမှာ သနပ်ခါး ပါးကွက်ကြား​လေး​တွေ လိမ်းထားကြမယ်။

(၃) လက်ထဲမှာ ပန်းစည်း ပန်းပွင့် ပန်းတမျိုးမျိုးကို ကိုင်ထားကြမယ် (ဒါမှမဟုတ် ပန်းပွင့်​တွေကို ​​ကြွေး​ကြော်သံ​တခုခုရေးထားတဲ့ စာရွက်​တွေနဲ့အတူ ကြဲချကြမယ်)။

(၄) ကိုယ်​ရောက်တဲ့​နေရာရဲ့ လုံခြုံ​ရေး အ​ခြေအ​​နေ​ပေါ် မူတည်ပြီး လက်၃​ချောင်း​ထောင်တာ ​ကြွေး​ကြော်သံ ​အော်တာ​တွေလုပ်ကြမယ်။

(၅) ည ၈နာရီမှာ သံပုံး​တွေတီးကြမယ်။​

ဖော်ပြပါ အချက်​တွေကို အားလုံးဖြစ်​စေ နှစ်သက်ရာ တနည်းနည်းဖြစ်​စေ လှုပ်ရှား​ဆောင်ရွက်ကြပြီး "ပြန်လည်စုရုန်း နှစ်​ခြောက်လုံး" စည်ကားသပိတ်ကြီးကို ပါဝင် ဆင်နွှဲကြဖို့ တိုက်တွန်းနှိုး​ဆော်ပါရ​စေ။

ပြည်သူလူထုရဲ့ လက်နက်မဲ့ လူထုသပိတ်ကြီး​တွေဟာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်​​နေကြတဲ့ လက်နက်ကိုင် ​​​တော်လှန်​​ရေးရဲ​ဘော်​တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အား​ဆေး​တွေလည်း ဖြစ်ပြီး လက်နက်ကိုင် လက်နက်မဲ့ နည်းလမ်း​ပေါင်းစုံနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင်မှ အ​ရေး​တော်ပုံ​အောင်မယ့် ​နွေဦး​​​တော်လှန်​ရေးကြီးအတွက် အသက်တမျှ အ​ရေးကြီး တယ်ဆိုတာ သိနားလည်ကြ​စေချင်ပါတယ်။

ဒါ​ကြောင့်မို့ ၂၂.၂.၂၀၂၂ နှစ်​​ခြောက်လုံး​နေ့​ရောက်ရင် "ပြန်လည်စုရုံး နှစ်​ခြောက်လုံး"ဆိုတဲ့ ​​ကြွေး​ကြော်သံနဲ့ "စည်ကားသပိတ်ကြီးမှာ ပါဝင်ဖြစ်​အောင် ပါဝင်ပြီး အ​ရေး​တော်ပုံကြီး မြန်မြန်​အောင်ဖို့ တာဝန်​ခွဲ​ဝေယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။